ဆော်ဒီကမြန်မာကို ဒေါ်လာ(၈) သန်း အတိုးမဲ့ချေးမည်





မြန်မာဆည်မြောင်းလုပ်ငန်းတွေ ဖွံဖြိုးရေးအတွက် ပထမဆုံးအကြိမ်အဖြစ် ဆော်ဒီအာရေဗျက မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ(၈)သန်းအတိုးမဲ့ချေးမှာဖြစ်ကြောင်းသိရပါတယ။်

အဲဒီ ငွေတွေကို ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်မှာရှိတဲ့ ကညရေလှောင်တမံတည်ဆောက်ရေး အတွက် အသုံးပြုမှာဖြစ်ပါတယ်။ ငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်းကတော့ ဆော်ဒီအာရေဗျ ဘဏ္ဍရေးဝန်ကြီးက ဥက္ကဌအဖြစ်ဆောင်ရွက်တဲ့ SDF အမည်ရှိတဲ့ အစိုးရပုဂလိက

ပူးပေါင်းထားတဲ့ အဖွဲ့ဖြစ်ကြောင်း ဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန့်ကြားရေးမှူးချူပ် ဦးလှဘော်ကပြောပါတယ်။ “ ဒီကိစ္စအတွက် ဆော်ဒီအဖွဲ့ကလည်း သက်ဆိုင်ရာကို တင်ပြမယ် ။ ကျွန်တော်တို့ကလည်းသက်ဆိုင်ရာ ကက်ဘိနက်ကိုတင်ပြမယ်။ ပြီးရင် သဘောတူစာချူပ်ချူပ်ဆိုမှာ ဖြစ်ပါတယ်။”

ဒီစာချူပ်ချုပ်ဆိုပြီးခဲ့ရင် ရေလှောင်တမံတည်ဆောက်ရေးလုပ်ငန်းတွေကို ၂၀၁၀ ပြည့်နှစ်နှစ်ဆန်းပိုင်းက စတင်ဆောင်ရွက်မှာဖြစ်ကြောင်းသိရပါတယ်။ ဒီရေလှောင်တမံမှာ တပ်ဆင်မယ့် ၅ မီဂါဝပ်ရှိတဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေကို တရုတ်နိုင်ငံက တပ်ဆင်ပေးမှာဖြစ်ပြီး ရေလှောင်တမံပြီးစီးမယ်ဆိုရင် အင်္ဂပူမြို့နယ်အတွင်း လယ်ဧက ၂၅၀၀၀ ကို ရေပေးနိုင်မှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီစီမံကိန်းအတွက်ဆော်ဒီက အတိုးမဲ့ချေးတယ်။ တရုတ်ကလည်း ဓါတ်အားပေးစက်တွေ ထောက်ပံမယ်ဆိုရင် လုပ်ငန်းအနေနဲ့လည်း မြန်မြန်ဆန်ဆန် ပြီးစီး အောင်မြင်မှာဖြစ်ပါတယ်။ လို့ ၄င်းက ဆက်လက်ပြောကြားပါတယ်။
Previous
Next Post »