ဆိုင်းကလုံးကြောင့် သေဆုံသူ နှစ်သောင်းနှစ်ထောင်ကျော် ရှိသည်ဟု စစ်အစိုးရ ရေဒီယို၏ နောက်ဆုံးသတင်း ကြေညာသွားသည်။သေဆုံးသူ ၂၂၄၆၄ ဦးသေဆုံးပြီး ၄၁၀၀၀ ပျောက်ဆုံးနေသည်ကို အတည်ပြုနိုင်ပြီဟု ပါရှိသည်။သေဆုံးပျက်စီးမှု အရေအတွက်မှာ ထပ်ခါ ထပ်ခါ တက်လာနေဆဲ ဖြစ်သည်။မုန်တိုင်းဒဏ်ခံရသော မြန်မာပြည်သူများကို ကူညီနိုင်ရန်အတွက် ပြည်တွင်းမှ စီးပွားရေးလုပ်ငန်းရှင်များမှ စတင်စီစဉ်လျက် ကြောင်းသတင်း ရရှိပါသည်။ ၄င်းအစီအစဉ်တွင် ပြည်ပရောက်မြန်မာ မွတ်စလင်မ်များမှ ပါဝင် လှူဒါန်းကြပါရန် တိုက်တွန်းလိုက်ပါသည်။ အလှူငွေကောက်ခံရရှိမှု အပေါ်တွင်မူတည်၍ ပထမဦးစားပေး အနေဖြင့် ရန်ကုန်တိုင်းမှ အဓိက မုန်တိုင်းဒဏ်ကြောင့် ပြင်းပြင်းထန်ထန် ပျက်စီးသွားသော ရွှေပြည်သာ၊ ဒဂုံမြို့သစ်၊ ကွမ်းခြံကုန်း၊လှိုင်သာယာ စသော မြို့နယ်များမှ မိသားစုများကို ကူညီသွားပါမည်။ အဓိကအားဖြင့် ဆန်ကိုထား၍ လှူဒါန်းသွားမည်ဟုသိရပါသည်။ အလှူငွေရရှိမှုပေါ်မူတည်၍ ဧရာဝတီတိုင်းမှ ငပုတော၊ လပတ္တာ၊ မော်လမြိုင်၊ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ် ၊ ကူညီသွားရန် အစီအစဉ်များပြုလုပ်သွားမည်ဟု သိရပါသည်။ ပြည်ပရောက် မြန်မာမွတ်စလင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လိုပါလျင် အောက်ပါနိုင်ငံများမှ မိတ်ဆွေများထံသို့ဆက်သွယ် စုံစမ်းဆောင်ရွက်နိုင်ပါသည်။
မလေးရှားကိုသန့်ဇင်ထွေး (ပုဂံနက် ကွန်ပျူတာစင်တာ) ဖုန်း-006-012 3612 731ကိုသန့်ဇော်ဦး (မျိုးကျော့မြိုင်) ဖုန်း-006-017 3898 606 စင်ကာပူ ကိုမင်းသန်းဝင်း ဖုန်း +65 9027 7370 ကိုဝင်းဇော် ဖုန်း +65 9451 5247 ဒိန်းမတ်ကိုနေ၀င်းအောင် အင်္ဂလန်ကိုမျိုးဝင်း ဖုန်း + 4475 2386 0661 အမေရိကန်ပြည်ထောင်စုယူစွတ်ဘိုင် zamai@yahoo.com ပြည်တွင်းဆက်သွယ်ရန် ကိုတင်မောင်သန်း ဖုန်း 0950 13159၊ 0951 07704 မွဖ်သီဦးမြင့်သိန်း ဖုန်း 200156 ပြည်ပမှလှူဒါန်းသော မိတ်ဆွေများ၏ ငွေကြေးများကို စုပေါင်း၍ မလေးရှားနိုင်ငံမှ ပြည်တွင်းသို့ ပို့ပေးမည်ဟုသတင်းရရှိပါသည်။ လှူဒါန်းသော မိတ်ဆွေများ၏ စာရင်းနှင့် ငွေ Amount များကို စုံစမ်းသိရှိသလောက် MyanmarMuslim မှဖော်ပြပေးသွားပါမည်။ယခုအချိန်ထိ စုံစမ်းသိရှိရသော စာရင်းများမှာ ၁။ ကိုမျိုးမာန် (မလေးရှား) RM 10,000 ၂၊ကိုသန့်ဇင်ထွေး(မလေးရှား) RM 3,000 စုစုပေါင်း RM 13,000
Read
More...
Summary
only...
ရခိုင်ပြည်နယ် မောင်တောမြို့တွင် မူဆလင်ဘာသာဝင်ခေါင်းဆောင် ၁၀-ဦးကို ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးခံရသူများထဲတွင် မြန်မာနိုင်ငံမူဆလင်ရေးရာအဖွဲ့ချုပ် မောင်တောခရိုင်ဥက္ကဌ ရှေ့နေ သန်းထွန်းခေါ် မူဟာမတ်ဆော်လိမ်နှင့် စိန်သုံးလုံးရွှေဆိုင်ပိုင်ရှင် ရွှေဇားရပ်ကွက်မှ ဦးနီရာ မတ်တို့ ပါဝင်ကြောင်းသိရှိရသည်။
ဖြစ်ပွားပုံ အသေးစိတ်နှင့်ပတ်သတ်ပြီး မျက်မြင်တဦးအပြောအရ ဦးသန်းထွန်းအပါအ၀င် မူဆလင်ခေါင်းဆောင် ၁၀-ဦးခန့်မှာ တနင်္ဂနွေနေ့ နံနက် ၁၀-နာရီက ဦးသန်းထွန်း အလုပ် လုပ်ကိုင်သော ရှေ့နေရုံးခန်းတွင် အစည်းအဝေးလုပ်နေစဉ် ဘူးသီးတောင်ဗျူဟာမှ ဗျူဟာ မှူးနှင့် မောင်တောခရိုင် ဥက္ကဌတို့ ပါဝင်သော အဖွဲ့တဖွဲ့မှ ရောက်ရှိလာပြီး ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဗျူဟာမှူးနှင့်အဖွဲ့မှာ ဦးသန်းထွန်းအခန်းအား ငါးနာရီနီးပါးခန့် ရှာဖွေမွှေနှောက်ပြီး ဖမ်းဆီးခံရသူအားလုံးကို ညနေလေးနာရီတွင် ဘူးသီးတောင်ဗျူဟာသို့ ခေါ်ယူသွားကြောင်း သတင်းရရှိသည်။
မောင်တောတွင်သူတို့ဖမ်းဆီးခံရခြင်းနှင့် ပတ်သတ်ပြီး သတင်းဖြစ်ပေါ်နေသည်မှာ နိုင်ငံရေး နှင့် ဆက်နွယ်ပတ်သတ်နေသဖြင့် ယခုကဲ့သို့ ဖမ်းဆီးခြင်းဖြစ်ကြောင်း ပြောဆို နေကြသည်ဟု သိရှိရသည်။
သို့သော်လည်း သူတို့အား မည်သည့်အတွက်ကြောင်း စစ်အာဏာပိုင်များမှ ဖမ်းဆီးခြင်းကို မည်သူတဦးတယောက်မှ အသေးစိတ်မပြောနိုင်သေးကြောင်း မောင်တောမှ ပေးပို့သော သတင်းတရပ်တွင် ဖော်ပြသည်။
ယခုကဲ့သို့ မူဆလင်ခေါင်းဆောင်များ ဖမ်းဆီးခံရသဖြင့် တခြားမူဆလင် ခေါင်းဆောင်များ မှာလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ ထွက်ပြေးတိမ်းရှောင်နေကြောင်းနှင့် ထွက်ပြေးသူများ အထဲတွင် မူဆလင်ဆရာဝန်တဦးဖြစ်သူ ဒေါက်တာ ထွန်းအောင်လည်းပါဝင်ကြောင်း သိရှိ ရသည်။
Read
More...
Summary
only...
IslamOnline.net & News Agencies
THE HAGUE — A Dutch court has agreed to examine a lawsuit filed by a Muslim group to ban an anti-Qur'an film by a hot-headed far-right lawmaker as the government launched a diplomatic offensive to limit the expected fallout."It's a request for summary judgment," Hague District Court spokeswoman Paula Koning was quoted as saying by Agence France-Presse (AFP).The Islamic Federation has asked the court to appoint a panel of experts to review the documentary prepared by MP Geert Wilder and see if it should be banned.The court will rule on the Muslim lawsuit by March 28.Wilder, the leader of the right-wing Freedom Party which has nine seats in the 150-member parliament, has said he would release the film, entitled "Fitna," an Arabic word for sedition or strife, before April 1.According to a Dutch daily which has seen early rushes, the film links images of current bloodletting in Muslim countries to chapters of the Qur'an, ending with an image of a man the film called Prophet Muhammad (peace and blessings be upon him).Dutch television channels have declined to air the film and Wilder would likely broadcast it on the Internet instead.
Diplomatic Offensive
The government, meanwhile, has launched a diplomatic offensive to limit the fallout of Wilders' film."Under our constitution we cannot prohibit this film before it is aired," Floris van Hovell, press counselor for the Dutch Embassy in Washington, told the Washington Times."But we are trying in every way we can to make it clear that this does not reflect the policy of the government."The campaign includes official statements denouncing the anti-Qur'an film and contacts by Dutch diplomats and religious leaders with their Muslim counterparts.
The Dutch government has unsuccessfully tried to convince to the right-wing lawmaker to abandon the film.Dutch Justice Minister Ernst Hirsch Ballin and Foreign Minister Maxime Verhagen personally met with Wilders and expressed concerns over the damage his film could unleash, politically and economically.The government fears the film would trigger protests in Netherlands and overseas and strain ties with Muslim countries.Thousands are expected to march against the film in the capital Amsterdam later on Saturday.Organizers say the march, initiated by anti-racism organization Nederland Bekent Kleur (Dutch acknowledge color differences), is a protest against the "intolerant and discriminatory viewpoints" of MP Wilder.Some 5,000 people have already signed a petition against the far-right lawmaker.
Dutch Muslim leaders have vowed a calm and smart handling of the crisis, with plans to open mosques on the day the film is screened to demonstrate tolerance and diffuse tension.They have urged the minority, which makes up one million of the country's 16 million population, not to pay heed to a "third-class" politician like Wilders
Read
More...
Summary
only...
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အတွင်း အမှတ်(၁)ရဲစခန်းမှုး ကိုကိုဦး ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် မြန်မာဒီမိုကရေစီ လှုပ်ရှားသူများ ၊ ၈၈ အရေးခင်းတွင် ရှေ့တန်းက ပါဝင်ခဲသူများ၊ နိုင်ငံရေးမှုဖြင့် ထောင်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသူများနှင့် ပြည်ပတွင် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူများ၏ ဆွေမျိုးများအား မျက်ခြေမပြတ် စောင့်ကြည့်နေပြီး၊ အပြစ်အမျိုးမျိုးပြကာ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုများ ပိုမိုဆိုးရွားလာကြောင်း စစ်တွေမြို့ခံသားတစ်ဦးအား ဆက်သွယ်မေးမြန်းချက်အရသိရှိသည်။ဖေဖော်ဝါရီနောက်ဆုံးပါတ်ခန့်ကစ၍ ပြင်းပြင်ထန်ထန်လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ၄င်းက နိုင်ငံရေးသမားတွေက်ု စောင့်ကြည့်လေ့လာပြိးတော့ သူတို့ရဲ့ အမြဲတမ်းလှုပ်ရှားနေထိုင်တတ်တဲ့ လဘက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို အမြဲစောင့်ကြည့်နေပြီးတော့ တချို့ပုဂ္ဂိုလ်တွေဆိုယင် အကြောင်းမရှိအကြောင်းရှာပြီး ဖမ်းဆီးမေးမြန်းတာတွေလုပ်နေတယ်။
ဘာဖြစ်လို့ဆိုတော့(နပခ)တိုင်းမှုးက စစ်တွေကုန်သည်ကြီးအသင်းက ကုန်သည်တစ်ဦးကို ရွှေဝါရောင် အရေးခင်းထဲမှာ ဘုန်းတော်ကြီးတွေနဲ့ မွတ်စလင်မ် အမျိုးသားတွေဟာ ပူးပေါင်းစည်းလုံးညီးညွတ်ပြီးတော့ မွတ်စလင်မ် ခေါင်းဆောင်တွေဟာ ဘုန်းတော်ကြီးတွေကို ထောက်ခံအားပေးနေတာကို တွေ့မြင်ရတော့ အတော်လေးအံသြသွားပြီး ပိုပြီး စိုးရိမ်သွားတယ်လို့ ပြောခဲ့တယ်လို့ ကြားနေရတယ်။ နောက်ပြီးတိုင်းမှုးက ပြည်နယ်ရဲမင်းကြီးကို ဘာဖြစ်လို့ ဒီလောက်ညီညွတ်သွားရတာလဲ၊ ဘယ်သူတွေနောက်က ကြိုးကိုင်နေသလဲဆိုတာကို ရှာဖွေစုံစမ်းပေးပါလို့ ညွန့်ကြားခဲ့တယ်လို့သိရတယ်။ စက်တင်ဘာ အရေးအခင်းထဲမှာလဲ စစ်တွေမှာ ဘယ်သူတွေအဓိက ဦးဆောင်ခဲ့တာကို ရှာဖွေမရတော့ပိုပြီး စိုးရိမ်သွားကြတာပေါ့ ’’ လို့ပြောပြတယ်။
ဘာမားတူဒေး စာမျက်နှာမှကူးယူပါတည်။
Read
More...
Summary
only...

မူရင်းသတင်းကိုဒီဗွီဘီ မှကူးယူပါသည်။
Read
More...
Summary
only...
ရခိုင်ပြည်နယ်ရှိ တရားရုံးအာဏာပိုင်များက အပြစ်မဲ့ရွာသားများကို အမှုဆင်၍ယခုလ ၂၄ ရက် နေ့တွင် မတရား ထောင်ဒဏ်များချမှတ်ခဲ့သည်။
မောင်းတောမြို့နယ်၊ သင်္ဘောကွဲရွာမှ ရွာသား(၁၂)ဦးကို ဗလီနှင့် အစ္စလာမ်ဘာသာရေး အခမ်း အနားပြုလုပ်သည့်နေရာ ပြင်ဆင်မွမ်းမံသည့်အတွက် ယခုကဲ့သို့ မောင်းတောမြို့နယ် တရားရုံး က ထောင်ဒဏ် (၇)နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ထောင်ဒဏ်ကျခံရသူများမှာ သင်္ဘောကွဲရွာမှ အသက် (၄၀)အရွယ် ဟာရှင်အူလက်၊ မိုဟာမက် ရိုဖစ်၊ ဆယဒ်ယူလက်။ အသက် (၅၀)အရွယ် လက်တစ်ဖ်မစ်ထရီ၊ နျူရာမိုဟာမက်၊ နျာအစ္စလမ်၊ ရာဟာမက် အူလက်(၃၀ နှစ်)နှင့် အခြား(၅)ဦးတို့ ဖြစ်ကြပြီး ကျေးရွာဥက္ကဌဖြစ်သူ ခိုဘာအာမက်(၅၀ နှစ်) သည် နစကနှင့် ရဲတပ်ဖွဲ့တို့၏ ဖမ်းဆီးခံမှုကို တိမ်းရှောင်နေရကာ ဝရမ်းပြေးဖြစ်နေ သည်ဟု ရွာသားတဦးကပြောသည်။
နစက (၈)သို့ မကြာခင်က အသစ်ပြောင်းရွေ့လာသော တပ်မှူးသည် ဗလီနှင့် အစ်ဒ်နေ့ အခမ်း အနားလုပ်သည့် အဆောက်အဦးပြန်လည်ပြုပြင်သည့်နေရာကို “နစက အင်အား(၁၀) ယောက် လောက်ရှိတယ်။ သူတို့ရောက်လာပြီး ဒီမှာ ဗလီကိုပြင်နေတဲ့ ရွာသား(၁၂)ယောက်ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က နစက စခန်းကိုခေါ်သွားတာလေ၊ အရင်က (နစက) တပ်မှူးဟောင်း ဗိုလ်မှူးက ထုတ်ပေးထားတဲ့ ခွင့်ပြုမိန့်နဲ့ စာရွက်စာတမ်း အထောက်အထားတွေကို ပြတာ လည်း လက်မခံဘူး။ အဖမ်းခံရတဲ့ သူတွေကိုတော့ နစကစခန်းမှာ (၁၀)ရက်လောက် ချုပ်ထား ပြီးမှ မောင်းတော ရဲစခန်းကို ပို့လိုက်တာ” ဟု အဖမ်းခံရသူတဦး၏ အစ်ကိုက ပြောသည်။
ရခိုင်ပြည်နယ်တွင် အာဏာပိုင်တို့က ရိုဟင်ဂျာအသိုင်းအ၀ိုင်းတွင် ဘာသာရေးကျောင်းများနှင့် အိမ်များကို ပြင်ဆင်ဆောက်လုပ်ခွင့်ကို မပေးသည့်အပြင်ဒေသခံများကို ရခိုင်ပြည်နယ်အတွင်း မနေနိုင်အောင် နည်းမျိုးစုံဖြင့် လုပ်ဆောင်နေခြင်းဖြစ်သည်။
Read
More...
Summary
only...
ဂါဇာကမ်းမြှောင်ဒေသကို အစ္စရေးဘက်က ၀င်ရောက်စီးနင်း တိုက်ခိုက်တဲ့အတွက် အနည်းဆုံး ပါလက်စတိုင်း လူမျိုးငါးဆယ်နီးပါး အသတ်ခံခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပါလက်စတိုင်း အရာရှိတွေက အစ္စရေးကို ပြင်းပြင်းထန်ထန် ရှုတ်ချပြစ်တင်ပါတယ်။ ဒီတိုက်ခိုက်မှုက အစ္စရေး ပါလက်စတိုင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုအပေါ် အရိပ်ထိုး ရိုက်ခတ်မှုတွေလည်း ရှိနေပါတယ်။
ဂါဇာကမ်းမြှောင် မြောက်ပိုင်း ဘက်ကို အစ္စရေးဘက်က တင့်ကားတွေနဲ့ဝင် လေကြောင်းကနေ စပြီး တိုက်ခိုက်လိုက်တာနဲ့ လူတွေ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်။ အစ္စရေးတောင်ပိုင်းကို ရော့ခ်ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတာတွေကို အစ္စရေးဘက်က လက်တုန့်ပြန်လိုက်တာပါ။ အစ္စရေးဘက်က ၀င်ပြီး စီးနင်းလိုက်တာနဲ့ အစ္စရေးတပ်ဖွဲ့တွေနဲ့ ပါလက်စတိုင်းတွေအကြား ဂါဇာကမ်းမြှောင်ဒေသ နယ်ခြားမြို့တွေဖြစ်တဲ့ ဘိတ် ဟန်နွန် (Beit Hanoun) နဲ့ ဂျာဗားလယား (Jabalya) မြို့တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ ဒီမြို့တွေက အစ္စရေးဘက်ကို ရော့ခ်ကက်တွေနဲ့ ပစ်လေ့ရှိတဲ့ နေရာတွေပါ။ ဒီ စီးနင်းမှုဟာ ဒီလပိုင်းတွေအတွင်း အစ္စရေးရဲ့ အနက်ရှိုင်းဆုံး ကျုးကျော်မှုဖြစ်တယ်လို့ ပါလက်စတိုင်း အရာရှိတွေက ပြောပါတယ်။
ပါလက်စတိုင်းတွေဘက်က လက်တုန့်ပြန်တဲ့အနေနဲ့ အီရန်နိုင်ငံလုပ် ဂရက်ဒ် ရော့ကက်တွေနဲ့ အစ္စရေးမြို့ဖြစ်တဲ့ အာရှ်ကလုံ (Ashkelon) မြို့ဘက်ကို ပိုပြီးတော့ ပစ်ခတ်လာနေပါတယ်။ အာရှ်ကလုံ (Ashkelon) ဟာ လူပေါင်းတစ်သိန်းလောက်နေတဲ့ အစ္စရေးမြို့ပါ၊ ပါလက်စတိုင်းတွေဘက်က ရှေ့တန်းစစ်မျက်နှာကို အဲဒီမြို့အထိ တိုးချဲ့လိုက်တာပါ။ အခုအချိန်အထိတော့ ပါလက်စတိုင်းဘက်က ရောက်ခ်ကက်တွေက ဆက်ဒီရော့ (Sderot) လို့ခေါ်တဲ့ မြို့သေးလေးဘက်ကိုပဲ ချိန်ပြီး ပစ်ခတ်တာများပါတယ်။
ဂါဇာကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ် အစ္စလမ်မစ် အဖွဲ့တွေက အာရှ်ကလုံမှာ စည်းတားထားတဲ့ မဖြတ်သန်းရ အနီရောင်စည်းကို ကျော်ပြီးဝင်လာခဲ့တာလို့ အစ္စရေးဘက်က ပြောပါတယ်။ အစ္စရေးဘက်က ဆန်းစစ်သုံးသပ်သူ ဒန် ရှယူဖ်တန် (Dan Sheuftan) က ဒီအချိန်ဟာ လက်အိပ်တွေကို ချွတ်ပြီး ဟားမတ်စ်အဖွဲ့ကို ရင်ဆိုင်ရမယ့်အချိန် ထိန်းထိန်းသိမ်းသိမ်းလုပ်နေစရာမလိုဘူးတော့ဘူးလို့ ပြောပါတယ်။
အစ္စရေးဘက်ကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတဲ့ အဲဒီ ဒေသက ဘယ်သူ့ကို မဆို၊ ဒီလို ပစ်ခတ်တိုက်ခိုက်တယ်လို့ သံသယရှိရတဲ့သူ၊ တိုက်ခိုက်မှုမှာ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ပါဝင်ပတ်သက်တဲ့သူတွေကို သတ်ဖြတ်ရပါလိမ့်မယ်။ တကယ်လို့ အပြစ်မဲ့တဲ့သူတွေ အသတ်ခံခဲ့ရမယ်ဆိုရင် ဒါကတော့ စစ်ဖြစ်နေတဲ့ကာလအတွင်းမှာ ကြုံရတာပဲလေ။ ကျနော်တို့ဘက်မှာဆိုရင် အသတ်ခံရတဲ့သူတွေဟာ အပြစ်မဲ့တဲ့သူတွေ ချည်းပါပဲ။
ဟားမတ်စ်တွေဟာ အစ္စရေးကို အသိအမှတ်ပြုဖို့ ငြင်းဆိုထားသလို အကြမ်းဖက်မှုတွေကိုလည်း ရှုတ်ချဖို့ ငြင်းဆန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ် ဂျွန်လမှာ ဟားမတ်စ်အဖွဲ့က ဂါဇာကို ထိန်းချုပ်လိုက်ပြီး အနောက်နိုင်ငံတွေ ထောက်ခံပံ့ပိုးထားတဲ့ ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ် (Mahmoud Abbas)) ရဲ့ ဖတ်သာ အဖွဲ့တွေကို တိုက်ထုတ်ခဲ့ပါတယ်။ သမ္မတ မာမွတ်အာဘတ်စ်က သူနဲ့ ဟားမတ်စ်အဖွဲ့ မတူပေမဲ့ အခု အစ္စရေးက ဂါဇာကို ၀င်သိမ်းတာကိုတော့ ရှုတ်ချပါတယ်။ အစ္စရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာတွေကို ရပ်ဆိုင်းပစ်မယ်လို့လည်း ခြိမ်းခြောက်ပြောဆိုနေပါတယ်။ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ရမ်မာလာ (Ramallah့) မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရိတ်ဒ် အယ်လ် မာလ်ကီ (Raid al- Malki) က စကားပြန်ကနေတဆင့် အခုလို ပြောပါတယ်။
အခု အစ္စရေးဘက်ကကျုးလွန်တဲ့ ရာဇ၀တ်မှုတွေဟာ ရဲရင့်တဲ့ ပါလက်စတိုင်းလူမျိုးတွေကို တမင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ဖို့ ရည်ရွယ်တဲ့ လုပ်ရပ်ပါ၊ ဒီ ရာဇ၀တ်မှုတွေဟာ စစ်ရာဇ၀တ်မှုဖြစ်တယ်။ လူသားမဆန်တဲ့ ရာဇ၀တ်မှုတွေဖြစ်တယ်။ ဒီထက် မလျော့ပါဘူးလို့ ပြောဆိုသွားတာပါ။ အစ္စရေးဘက်ကတော့ ရော့ခ်ကက်တွေနဲ့ ဆက်ပြီး ပစ်ခတ်တိုက်ခိုက်နေမယ်ဆိုရင် ဂါဇာကမ်းမြှောင်ကို လေကြောင်းကနေရာ မြေပြင်ကရော အင်အားအပြည့်သုံး အစွမ်းကုန် ထိုးစစ်ဆင်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။
အခုလို အကြမ်းဖက်တိုက်ခိုက်မှုတွေက အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ဒီနှစ်ကုန် ငြိမ်းချမ်းရေး သဘောတူညီချက်တွေ ရဘို့ ကြိုးပမ်းနေတာတွေကို လမ်းကြောင်းလွဲသွားစေနိုင်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice)) ဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက်ဆောင်ရွက်နိုင်အောင် ကြိုးပမ်းဖို့ ရှေ့သီတင်းပတ်အတွင်းမှာ အရှေ့အလယ်ပိုင်း ဒေသကို သွားရောက်ဘို့ စီစဉ်ထားပါတယ်။ အစ္စရေးဘက်ကို ရော့ခ်ကက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ကွန်ဒိုလီဇာရိုက်စ်က ရှုတ်ချပါတယ်။ တချိန်တည်းမှာ အစ္စရေးဘက်က ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ဆောင်ဘို့လည်း သူမက အစ္စရေးကို တိုက်တွန်းလိုက်ပါတယ်။
Read
More...
Summary
only...
နအဖက ၎င်းတို့ ရေးဆွဲသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လာမည့်မေလတွင် ပြည်သူ့ဆန္ဒ ခံယူပွဲပြုလုပ်ပြီး ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည့်အပေါ် ပြည်သူလူထုက ၀ိုင်းဝန်းဆန့်ကျင် တိုက်ဖျက်ကြရန် အရေးတကြီး လိုအပ်နေကြောင်း ဘာသာကြီး (၄) ရပ်မှ ပူးတွဲ၍ ယမန်နေ့က ကြေညာချက် ထုတ်ပြန်သည်။
သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ)၏ အထွေထွေအတွင်းရေးမှူး ဘဒ္ဒန္တဃောသိတက “နအဖရဲ့ကြေညာချက်ဟာ ပြည်သူလူထု တရပ်လုံးနှင့်တကွ နောင်လာနောက်သားတွေ စစ် ဖိနပ်အောက်မှာ တောက်လျှောက် စစ်ကျွန်ဖြစ်ရမယ့်ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်မဖြစ်ရေးအတွက် ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး လုပ်မယ့် လူထုဆန္ဒခံယူပွဲ ပျက်ပြယ်သွားအောင် ၀ိုင်းဝန်းတိုက်ဖျက်ကြဖို့ ပြည်သူလူထုတရပ်လုံးကို တပ်လှန့် တိုက်တွန်း ရခြင်းဖြစ်တယ်”ဟု မိန့်ကြားသည်ဗုဒ္ဓဘာသာ၊ အစ္စလမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ အစရှိသည့် ဘာသာကြီးများ မှလည်း မြန်မာစစ်အုပ်စု၏ ဖိနှိပ်မှုကြောင့် လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်များ ဆုံးရှုံးနေရပြီး စစ်အစိုးရ၏ သွေးခွဲမှုများကြောင့် ဖြစ်ပေါ်နေသည့် ဘာသာဝင်များအကြား စိတ်ဝမ်းကွဲမှုများကို သတိထားပြီး နအဖ၏ လုပ်ရပ်များအား ၀ိုင်းတိုက်ဖျက်ကြရန် ယခုကဲ့သို့ ပူးတွဲလုပ်ဆောင်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်မိန့်ကြားသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်အစည်းအရုံး ဥက္ကဋ္ဌ ဦးတင်မောင်သက်က “နိုင်ငံရေးအကျပ် အတည်းရှိတိုင်း အာဏာရှင်တွေဟာ ဘာသာရေး အဓိကရုဏ်းတွေ ဖန်တီးပြီး အမြတ်ထုတ်ခဲ့တာ ခေတ်အဆက်ဆက်ပဲ။ အဲ့ဒါကြောင့်မို့ ဘာသာဝင် အသီးသီးတွေအနေနဲ့ အဖြစ်မှန်ကိုသိရှိဖို့ရ